Main menu

မှော်ဘီမြို့နယ်ရှိ ဒေါ်အေးအေးမာစားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၁၄.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးရှိ စားအုန်းဆီအရောင်းဆိုင်သို့ ဈေးတာဝန်ခံ ပူးပေါင်းပါဝင်လျက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးအတွင်းရှိ ဘီ(၂)၊ အမှတ်(၄၃/၄၄)ရှိ ဒေါ်အေးအေးမာဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ လိပ္ပုတ်ကျေးရွာရှိ စားသုံးသူပြည်သူများသို့ ရောင်းချပေးပါကြောင်း၊ ဆီပေးချိန်ကိုလည်း နေ့စဉ်နံနက်(၁၀း၀၀)နာရီမှ ညနေ(၁၇း၀၀)နာရီထိ ရောင်းပေးပြီး နေ့စဉ်အရောင်းစာရင်းကိုလည်း လယ်ဂျာဖြင့် ရေးသွင်းထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချခြင်းမရှိလျှင် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)