
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ ပြုလုပ်သော ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ပုသိမ်ခရိုင် ငပုတောမြို့နယ်မှ တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများ သည် (၁၂.၈.၂၀၂၅) ရက်နေ့ နံနက်(၉:၃၀) နာရီ အချိန်တွင် Zoom Meeting ဖြင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောရာတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားပြီး ဌာနခွဲ ခေါင်းဆောင် များအလိုက်ဆုံးဖြတ်ချက်များ အတည်ပြုဆောင်ရွက်ရမည့် လုပ်ဆောင်ချက်များကို မှတ်တမ်းတင် ဆောင်ရွက်ရန် စီမံဌာနခွဲအနေဖြင့်လည်းဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းကိုအလေးပေး ဆောင်ရွက်ရန် တိုင်းနှင့်ပြည်နယ်အသီးသီးမှလည်း ဖေဖော်ဝါရီလတွင် နှစ်စဉ်ဆောင်ရွက်လေ့ရှိသော ဝန်ထမ်းသစ် ခေါ်ယူခြင်းအတွက်လည်း ကြိုတင်ပြင်ဆင်ထားရန်ပြောကြားလျက် လုပ်အားပေးများလည်း ခန့်ထားနိုင် ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စီမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူးမှ တိုင်းနှင့်ပြည်နယ် အသီးသီး၏ အစည်းအဝေးဆုံးဖြတ်ချက်များကိုဖတ်ကြားတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းနှင့်ပြည်နယ်များ ဖြစ်ကြသော ဦးစွာကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ နေပြည်တော် အစရှိသည့်တိုင်းနှင့်ပြည်နယ် အသီးသီးမှလိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ နောက်ဆုံးတွင် ဌာနခွဲတာဝန်ခံများက တင်ပြလာသောဆုံးဖြတ်ချက်များအား ပြန်လည်သုံးသပ်၍ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာကားပြောကြားကာ နေပြည်တော်ရုံးချုပ်မှပြုလုပ်သော ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို နံနက် (၁၁:၄၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
DOCA(ဧရာဝတီ)