Main menu

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ ပန်းခြံလမ်းတွင်  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် (၁၂.၈.၂၀၂၅)ရက်နေ့ နံနက်(၈:၀၀)အချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ အခြားဌာနဆိုင်ရာများ နှင့်ပူးပေါင်း၍ မြောက်ပိုင်းရပ်ကွက်ရှိ ပန်းခြံလမ်းတွင်စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

    ထို့သို့သန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ရာတွင် ငပုတောမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ ပန်းခြံလမ်းတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ “အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း” ဟူသောလမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာများအားလုံးစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပါသည်။

(DOCA ဧရာဝတီ)