Main menu

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ ထန်းသုံးပင်ကျေးရွာ အ.ထ.ကထန်းသုံးပင်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ဆက်စပ်ဌာနဆိုင်ရာများ၊ ကျောင်းစားသုံးသူရေးရာကော်မတီအဖွဲ့များနှင့်ပူးပေါင်း ၍ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ထန်းသုံးပင်ကျေးရွာရှိ အ.ထ.က ထန်းသုံးပင်ကျောင်းရှိ ကျောင်းမုန့် ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မြန်အောင်ခရိုင် မြန်အောင်မြို့နယ်မှ စစ်‌ဆေးရေးအရာရှိ ဦးမြင့်အောင်နှင့် ဝန်ထမ်းများသည် ဆက်စပ်ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍ အ.ထ.က ထန်းသုံးပင်ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းဆိုင်များတွင် ရောင်းချဖြန့်ဖြူးလျက်ရှိသော မုန့်အမျိုးမျိုးတို့တွင် သက်ဆိုင်ရာဌာနထောက်ခံချက်များနှင့် ကျောင်း မုန့်ဈေးတန်းဆိုင်များတွင် ရောင်းချဖြန့်ဖြူးလျက်ရှိသော မုန့်အမျိုးမျိုးတို့တွင် သက်ဆိုင်ရာဌာန ထောက်ခံချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အ သားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံကိုက်ညီမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ရောင်းချသူစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကျောင်းသား/ကျောင်းသူများ နေ့စဉ်နှင့်အမျှဝယ်ယူ စားသောက်လျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြထားမှုရှိမှသာ ဝယ်ယူရောင်းချမှုများ ပြုလုပ်ကြရန်နှင့် ပြည့်စုံကိုက်ညီမှု မရှိသော အစားအသောက်များအား ဝယ်ယူရောင်းချမှုများမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)