Main menu

“မတ္တရာမြို့နယ် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့်ဈေးကွက်အခြေအနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာဇံခရိုင်၊မတ္တရာမြို့နယ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင် ဆောင်ရွက်ကြပါသည်။ စပါးကို အများဆုံးစိုက်ပျိုးကြပြီး နွေစပါး ၊ မိုးစပါး နှစ်ရာသီ စလုံး စိုက်ပျိုးထွက်ရှိရာဒေသဖြစ်၍ တစ်နှစ်လျှင်နွေစပါးစိုက်ဧက လေးသောင်းကျော်၊ မိုးစပါးစိုက် ဧက လေးသောင်းကျော်၊ စုစုပေါင်း တစ်နှစ်ပျမ်းမျှစပါးစိုက်ဧက ကိုးသောင်းကျော် စိုက်ပျိုးထွက်ရှိပါ သည် ။ ယခုနှစ်တွင် နွေစပါး (၄၆၇၇၇)ဧက စိုက်ပျိုးခဲ့ပြီး (၁၅-၈-၂၀၂၂)ရက်နေ့အထိ နွေစပါး (၄၆၄၈၇)ဧက ရိတ်သိမ်းပြီးဖြစ်၍ အထွက်နှုန်း (၁၀၃.၀၃)တင်းဖြင့် အထွက်နှုန်းစုစုပေါင်း (၄၇၈၉၇၆၈)တင်းထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဌာနစာရင်းများအရသိရှိရပါသည် ။ နွေစပါးမျိုးကွဲ များအနေဖြင့် ရက်(၁၁၀)၊ရက်(၉၀)၊ရွှေသွယ်ရင်၊မနောသုခစပါးမျိုးများကို စိုက်ပျိုးခဲ့ကြပြီး အထွက် နှုန်းကောင်းပြီး ဈေးကောင်းရရှိ၍ တောင်သူများတွက်ချေကိုက်ပါသည် ။ ယခုအခါ နွေစပါးများ အောင်မြင်စွာရိတ်သိမ်းပြီးဖြစ်၍ မိုးစပါးများဆက်လက်စိုက်ပျိုးရန် မြေပြင်ခြင်း၊ ပျိုးထောင်ခြင်း ၊ စိုက်ပျိုးခြင်းများဆောင်ရွက်လျှက်ရှိပါသည်။ ယခုနှစ်တွင် မိုးစပါး (၅၅၁၆၇)ဧက လျာထားခဲ့ပြီး (၂၈၈၂၄)ဧက စိုက်ပျိုးထားနိုင်ခဲ့ကြောင်းသိရှိရပါသည်။

     ဆန်စပါးဈေးကွက်အနေဖြင့် ဧရာမင်း(မဂျမ်းတော)စပါး ဆန်ဈေးကွက်မှာ အမြင့်ဆုံးတွင် ရောက်ရှိနေပြီး မဂျမ်းတောစပါးဆန်အမျိုးအစားမှာ မိုးစပါးတစ်ရာသီသာလျှင်ထွက် ရှိ၍ တစ်နှစ်တွင်တစ်ကြိမ်သာထွက်ပေါ်သောစပါးမျိုးဖြစ်ပါသည်။ ယခုအခါ မဂျမ်းတောစပါး (အဟောင်း) ၄၆ ပေါင်ကိုက် တင်း(၁၀၀)လျှင် (၁၆၀၀၀၀ဝိ/-)ကျပ်၊ မဂျမ်းတောဆန် (၂၄)ပြည် တစ်အိတ်လျှင် (၅၅၀၀ဝိ/-)ကျပ်နှင့် မနောသုခစပါး(အဟောင်း) ၄၆ ပေါင်ကိုက် တင်း(၁၀၀)လျှင် (၁၂၀၀၀၀ဝိ/-)ကျပ် ၊ မနောသုခဆန် (၂၄)ပြည် တစ်အိတ်လျှင် (၄၇၀၀ဝိ/-)ကျပ်ဖြင့် လည်းကောင်း၊ နွေစပါး(အသစ်)ဈေးကွက်အနေဖြင့် ရက်(၁၁၀) ၊ ရက်(၉၀)စပါး ထွက်ပေါ်စ (၈၅၀၀၀ဝိ/-)ကျပ်မှ ယခု(၁၀၅၀၀၀ဝိ-)ကျပ်၊ ရက်(၁၁၀)၊ရက်(၉၀)ဆန် ထွက်ပေါ်စ (၃၁၀၀ဝိ/-) ကျပ်မှ (၃၅၀၀ဝိ/-)ကျပ် ဈေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိပါသည်။ နွေစပါးရာသီမှာ ဈေးကွက်ဝယ်လိုအားကောင်းသော ကြောင့်အရောင်းအဝယ်သွက်လျှက်ရှိပြီး မန္တလေးပွဲရုံ ၊ ကုန်သည်ဈေးကွက်သို့သာ အဓိကတင်ပို့ ရောင်းချလျှက်ရှိပါကြောင်း စက်ပိုင်၊ကုန်သည်ပွဲစားများထံမှသိရှိရပါသည်။

DOCA(မန္တလေး)