Main menu

ပထမနှစ်ဝက်တွင် RCBC ၏ အမြတ်ငွေများ ပီဆို ၅.၃၅ ဘီလီယံခန့် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာ

Powered by Drupal

               Rizal Commercial Banking ကော်ပိုရေးရှင်း RCBC သည် အတိုးရရှိမှု အားကောင်းလာမှုနှင့် ဝင်ငွေလမ်းကြောင်း မြင့်တက်လာမှုတို့ကြောင့် ၎င်း၏ အသားတင်ဝင်ငွေသည် ယခင်နှစ် ပထမနှစ်ဝက်တွင် ပီဆို ၄.၄၅ ဘီလီယံခန့်ရရှိခဲ့ရာ ယခုနှစ် ပထမနှစ်ဝက်တွင် ပီဆို ၅.၃၅ ဘီလီယံ ခန့် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရပါသည်။ ဖိလစ်ပိုင်စတော့စျေးကွက်လဲလှယ်မှု တွင်ထုတ်ဖော်ချက်တွင် Yuchengo ဦးဆောင်သောဘဏ်က ချေးငွေလုပ်ငန်းများတိုးတက်လာပြီး အတိုးနှုန်းများမြင့်တက်လာသောကြောင့် ၎င်း၏ စုစုပေါင်းအတိုးဝင်‌ငွေသည် ပီဆို ၄၂.၂၈ ဘီလီယံ ခန့် ၁၀.၇ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ပြောကြားခဲ့ပါသည်။ ချေးငွေနှင့် လက်ခံရရှိငွေ များသည် ယခင်နှစ်တွင် ပီဆို ၂၈.၈၆ ဘီလီယံ အထိရှိခဲ့ကာ ယခုနှစ်တွင် ပီဆို ၃၄.၁ ဘီလီယံအထိ ၁၈ ရာခိုင်နှုန်းခန့် မြင့်တက်လာပါသည်။ ၎င်း၏ လုပ်ငန်းလည်ပတ်ဝင်ငွေသည် ဝန်ဆောင်မှု မြှင့်တင်မှုများကြောင့် ပီဆို ၅.၃၈ ဘီလီယံခန့် ၁၇.၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းနှင့် အဆိုပါဘဏ်၏ လုပ်ငန်းအသုံးစရိတ်များသည် ဝန်ထမ်များအကျိုးမြတ်မြင့်တက်ရေး၊ လုပ်ငန်း လည်ပတ်ကုန်ကျငွေများနှင့် အကြွေးဝယ်ကတ်ချဲ့ထွင်မှုများကြောင့် ပီဆို ၁၅.၃၈ ဘီလီယံမှ ပီဆို ၁၇.၁၉ အထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဇွန်လကုန်အထိ RCBC ၏ စုစုပေါင်းလက်ခံငွေသည် ချေးငွေနှင့် လက်ခံငွေချဲ့ထွင်မှုဖြင့် ပီဆို ၁.၃ ထရီလီယံအထိ ရောက်ရှိခဲ့ကြောင်းနှင့် ၎င်းဘဏ်တွင် အာမခံငွေထားရှိမှုသည် ပီဆို ၁.၀၂ ထရီလီယံမှ ပီဆို ၉၈၂.၆၇ ဘီလီယံသို့ ကျဆင်းသွားကြောင်းသိရပါသည်။ RCBC ဥက္ကဌ Reginaldo Cariaso က၎င်းအနေဖြင့် RCBC ဘဏ်အား ၂၀၂၆ တွင် ‌ရေရှည်တည်တံ့သော အမြတ်ငွေများပြန်လည်ရရှိရန်အတွက် လူစွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် ဧည့်သည်ဆွဲဆောင်မှု အစရှိသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: Philstar

DOCA(ရန်ကုန်)