
ဗီယက်နမ်အစားအသောက်အဖွဲ့အစည်းသည် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်သွင်းမှုကို ၂ လခန့် ရပ်ဆိုင်းရန် ကုန်သွယ်ရေးဝန်ကြီးဌာနအား တောင်းဆိုခဲ့ကြောင်းနှင့် အဆိုပါလုပ်ဆောင်မှုကြောင့် ကုန်သည်များက ပြည်တွင်းထုတ်ကုန်များအတွက် အန္တရာယ်ရှိလာနိုင်သည်ဟု ပြောဆိုခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံးဆန်ဝယ်သောနိုင်ငံဖြစ်သည့် ဖိလစ်ပိုင် နိုင်ငံသည် အဆိုပါရပ်ဆိုင်းမှုသည် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ရက် ၆၀ ကြာမြင့်မည့်ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ဆောင်မှုသည် ပြည်တွင်းလယ်သမားများအား ရိပ်သိမ်းရာသီအတွင်း စျေးနှုန်းကျဆင်းမှုကို ကာကွယ်ရန်အတွက်ဖြစ်ကြောင်း သိရပါသည်။ စက်မှုလက်မှုလုပ်ငန်းအဖွဲ့ အစည်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့သည် အထက်ပါကိစ္စနှင့်ပတ်သက်၍ reuter သတင်းဌာနသို့ မှတ်ချက်များ မပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၇ လ အတွင်းတွင် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန်ပေါင်း ၂.၄၄ သန်း မက်ထရစ်တန်ချိန်ခန့်တင်ပို့ခဲ့ပြီး အဆိုပါတင်ပို့မှုသည် ၎င်းတို့ဆန်တင်ပို့မှုစုစုပေါင်း၏ ၄၄.၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်တွင် ဖိလစ်ပိုင်နိုင်ငံသည် ယခင်နှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ဗီယက်နမ်နိုင်ငံဆန်တင်ပို့မှုစုစုပေါင်း၏ ၄၆.၇ ရာခိုင်နှုန်းကို တင်သွင်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံနှင့်အတူ ဆန်ကုန်သွယ်မှုနှင့် ပတ်သက်သည့် နားလည်မှုသဝန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ဒုတိယ သုံးလပတ်ကာအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် ယခုနှစ်အစောပိုင်းထက် ၁၃.၉ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပြီး ယခင်နှစ်ပထမသုံးလပတ်ကာလထက် ၀.၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ ကြောင်းသိရပါသည်။ ကုန်သည်များက ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုရပ်ဆိုင်းမှုသည် ဗီယက်နမ်နိုင်ငံဆန်ပို့ကုန်စျေးကွက်အတွက် ဖိအားများရှိလာနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Source: CNA
DOCA(ရန်ကုန်)