Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်ခြင်း

Powered by Drupal

    (၁-၈-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒေါ်မြင့်မြင့်အေး(ဦးစီးမှူး)ဦးဆောင်၍ ဝန်ထမ်း(၂)ဦး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် စည်ပင်သာယာ(ဈေးများဌာန)တို့ ပူးပေါင်း၍ ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးအတွင်းရှိ ဆန်ဆိုင်များ၊ ဆေးဆိုင်များနှင့် ကုန်မျိုးစုံအရောင်းဆိုင်များသို့ သွားရောက်၍ မြန်မာဘာသာဖြင့် ဖော်ပြခြင်းဆိုင်ရာညွှန်ကြားချက်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့်ဖော်ပြရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များရောင်းချခြင်းရှိ/ မရှိ၊  ဆန်နှင့်ဆီများ သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းမရှိသည့် ကုန်စည်များ၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်နှင့် ဆန်နှင့်ဆီများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်လိုအပ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)