Main menu

လွိုင်ကော်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ လ (၅)ရက်နေ့၊ နံနက်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ချိကယ်ရပ်ကွက်ရှိ ရွှေသဇင်မိုးဆီဆိုင်နှင့် နာနတ်တောရပ်ကွက်ရှိ ဇေညီနောင်ဆီဆိုင်တို့၌ ဈေးကွက်အတွင်း ဆီပြတ်လပ်မှုမရှိစေရေး ၊ ဆီလက်ကျန်စာရင်းများ မှန်ကန်စေရေး၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိတို့ကို  မိတ်ဖက်ဌာနများဖြစ်သော ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆီဆိုင်များ၌ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ရောင်းချမှုရှိပြီး အချိန်အတွယ် ဂါလံ၊ လီတာများ ပြည့်မီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ဆီပြတ်လပ်မှုမရှိစေရေး ၊ ဆီလက်ကျန်စာရင်းများ မှန်ကန်စေရေးတို့အတွက် သက်ဆိုင်ရာကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ အရည်အသွေး ပြည့်မီမှန်ကန်သည့်ပစ္စည်းများ ဈေးကွက်အတွင်း တင်သွင်း၊ ဖြန့်ဖြူးရောင်းချရန်လိုကြောင်း၊ သတ်မှတ်ချက်နှင့် မကိုက်ညီသော စက်သုံးဆီများ ဈေးကွက်အတွင်းတွေ့ရှိပါက ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့မှုအား အစီရင်ခံတင်ပြအပ်ပါသည်။

DOCA(ကယား)