
မိတ္ထီလာဈေးကွက်အတွင်းဝင်ရောက်မှုအနေဖြင့် သာစည်မြို့နယ်၊ ပြည်ညောင် ကျေးရွာမှ အပါချီဘိလပ်မြေ ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင် ၊ Alpha ဘိလပ်မြေများ ဝင်ရောက်လျက်ရှိပြီး တစ်ပတ်လျှင် အပါချီဘိလပ်မြေ(၂၅၀၀)အိတ် ၊ Alpha ဘိလပ်မြေ(၅၀၀-၁၀၀၀) အိတ်၊ ကြံ့နှစ်ကောင် (၁၀၀၀)အိတ်ခန့်ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။
မိတ္ထီလာဈေးကွက်အတွင်း ယခုဩဂုတ်လဒုတိယအပတ်တွင် အပါချီဘိလပ်မြေတစ်အိတ်လျှင် (၁၃၂၀၀-၁၄၅၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၃၅၅၀)ကျပ်၊ Alpha ဘိလပ်မြေ တစ်အိတ် လျှင်(၁၃၂၀၀-၁၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီးယခင်အပတ်နှင့် ကာလတူ နှိုင်းယှဉ်လျှင်အပါချီဘိလပ်မြေတစ်အိတ်လျှင်(၃၈၀၀)ကျပ်၊ Alpha ဘိလပ်မြေ တစ်အိတ် လျှင် (၃၈၀၀) ကျပ်ဖြင့် ၊ကြံ့နှစ်ကောင်ဘိလပ်မြေ တစ်အိတ်လျှင်(၄၅၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းလာကြောင်း ဈေးနှုန်းကျဆင်းရခြင်းမှာ မိုးတွင်းကာလဖြစ်ပြီး၊ အရောင်းအဝယ်ပါး၍ဖြစ်ကြောင်း သိရပါသည်။
DOCA( မန္တလေး)