
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ သုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်၊ ရွာတန်း (အ.ထ.က) ကျောင်းတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေ ရေး အတွက်၂၀၂၅ခုနှစ် ၊ ဩဂုတ်လ ၉ ရက်နေ့ နေလည်(၁၄း၃၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေး အသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ရမည်းသင်း မြို့နယ် တာဝန်ခံ ဦးစန်းအောင်(ဒု-ဦးစီးမှူး)မှ စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေ သော စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများ ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရိုးရှင်း မှန်ကန်စွာ ဖော်ပြရန်တာဝန်ရှိကြောင်း လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား လိုက်နာခြင်း မရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မိမိထုတ်ကုန်များကို ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် အခက်အခဲရှိပါကဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့ကိုယ်တိုင် စားသုံးသူ များဖြစ်သည့်အတွက် စာသုံးသူအခွင့် အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ် နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးစင်တာ (CICC) ရုံးမှားတွင် တိုင်ကြားနိုင်ပါကြောင်း၊ DOCA Myanmar Application နှင့်စားသုံးသူရေးရာ ဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြား နိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းဆောင်ရွက်နိုင် ပါကြောင်းကို ဆွေးနွေးပြောကြား ခဲ့ပြီး ဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ( ၁၁၅၀ ) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီးဟောပြောပွဲကို နေလည် (၁၅း၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)