Main menu

တောင်သာမြို့နယ်၏မိုးဦးပဲစဉ်းငုံစိုက်ပျိုးထားရှိမှုအခြေအနေ

Powered by Drupal

   တောင်သာမြို့နယ်သည် မိုးကောင်းသောက်ယာမြေများတွင်၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံနှင့်  ကြက်သွန်နီသီးနှံများကိုစိုက်ပျိုးခြင်းနှင့် ထန်းလုပ်ငန်းများကို လည်းလုပ်ကိုင် လျက်ရှိရာ မိုးဦး ကာလ တွင် ပဲစဉ်းငုံကိုလည်း စိုက်ပျိုးလျက် ရှိကြောင်း သိရှိရသည်။ မိုးဦးပဲစဉ်းငုံကို (မေလ-ဇွန်လ-ဇူလိုင်လ) များတွင် စတင်စိုက်ပျိုးပြီး ရိတ်သိမ်းထွက် ပေါ်ချိန်မှာ (ဇန်နဝါရီလ-ဖေဖော်ဝါရီလ-မတ်လ)တို့တွင် ရိတ်သိမ်းထွက်‌‌‌‌ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၇)လခန့် ကြာမြင့် ကြောင်း သိရှိရသည်။

   ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဩဂုတ်လဒုတိယပတ်တွင် တောင်သာမြို့နယ်၌ ပဲစဉ်းငုံ စိုက်ပျိုးဧက (၇၀၃၂၈) ဧကစိုက်ပျိုးထားရှိကြောင်း ခရိုင်‌ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စိုက်ပျိုးမှုအနေဖြင့် သက်ကြီးမျိုးရွှေဒင်္ဂါးကို တန်းကြား ၄ပေခွဲထား၍ စိုက်ကြောင်း များစွဲပြီး အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာ၌ တန်းကြားတွင် မြေပဲ၊ နှမ်း၊ ပဲတို့နှင့် သီးညှပ်စိုက်ပျိုးထားကြောင်း သိရသည်။ ယခင်နှစ် ပဲစဉ်းငုံတစ်ဧက အထွက်နှုန်းမှာ (၁၁) တင်း ခန့်ထွက် ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မိုးကောင်းရေ သောက်သုံးရသဖြင့် အပင်များ ဖြစ်ထွန်းသော ကြောင့် ယခင် နှစ်ထက် အထွက်နှုန်း များပိုမိုထွက်ရှိနိုင်မည်ဟုခန့်မှန်းရကြောင်း၊ ပဲစဉ်းငုံသီးနှံသည် အကျိုးအမြတ် များစွာရရှိပြီး သီးထပ်သီးညှပ်အနေဖြင့်လည်း စိုက်ပျိုး၍ဝင်ငွေတိုးသော သီးနှံ ဖြစ်ကြောင်း ပဲစဉ်းငုံစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ တောင်သာမြို့နယ်၌ ဩဂုတ်လ ဒုတိယပတ်တွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် (၈၆၃၀၀) ကျပ်၊ ပဲစဉ်းငုံဖြူ တစ်တင်း လျှင်(၈၂၅၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့် ဒေသတွင်း ပွဲရုံများ၌ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေးမြို့နှင့် ရန်ကုန် လှိုင်သာယာမြို့နှင့် ရွှေပြည်သာမြို့ များသို့ တင်ပို့‌ရောင်းချ ကြောင်းသိရှိရသည်။

DOCA(မန္တလေး)