Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်၊  စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့် မုံရွာမြို့၊ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းတွင်လည်းကောင်း၊  မုံရွာမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ သူနာပြုနှင့်သားဖွား သင်တန်း ကျောင်းတွင်လည်းကောင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်လည်းကောင်း၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ပြုလုပ်သော ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် လည်းကောင်း၊ နယ်စပ်တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင်လည်းကောင်း၊ ကသာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကသာမြို့၊ ပညာရေးဒီဂရီကောလိပ်တွင်လည်းကောင်း၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကန့်ဘလူမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (တယ်လီဖုန်း)ရုံးတွင် လည်းကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ပညာရေးဒီဂရီကောလိပ်တွင် လည်းကောင်း၊ စစ်ကိုင်းမြို့ ပိုးတန်းရပ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ စစ်ကိုင်းမြို့ ရွှေမင်းဝန်ရပ်ရှိ ပညာရေးတက္ကသိုလ်တွင်လည်းကောင်း၊ မြောင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ ဆူးလေကုန်း ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် ရွှေဘိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ ရွှေဘိုမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း  စုစုပေါင်း (၁၅)ကြိမ် အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှု ဖြစ်စဉ်များကို အသိပညာပေး ဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း၊ ထို့အပြင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးအသိပညာပေးမှုများကို တိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့် (၁)ကြိမ်၊ ကလေးခရိုင် ဦးစီးမှူးရုံးအနေဖြင့် (၃)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၃)ကြိမ်၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၉)ကြိမ်၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၅)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၆)ကြိမ်၊ ယင်းမာပင် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ် စုစုပေါင်း (၃၃)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ရိုးရှင်းမှန်ကန်သော သတင်း အချက်အလက်များ ပြည့်စုံစွာပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့် အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ ရည်ညွှန်းဈေး သတ်မှတ်ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)