Main menu

ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း ဦးဆောင်၍ ဒေါ်စန္ဒာမွန်(ဒု-ဦးစီးမှူး)နှင့် ဒေါ်ဇင်မိုးဝါ(အကြီးတန်းစာရေး) ဝန်ထမ်းများအဖွဲ့သည် ညောင်ပင်သာရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်မဇင်နှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     တွေ့ဆုံဆွေးနွေးရာတွင် မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်မဇင်အား စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရ မည့်အချက်အလက်များအား သိရှိစေရန်ဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးမှ စားသုံးသူ ကာကွယ်ရေး ဥပဒေ ( ၂၀၁၉ ) အခန်း ( ၁၈ ) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသား တွင်ပါဝင်သော ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ၏ အမည် နှင့်လိပ်စာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစိုးရ ဌာနများက သတ်မှတ်ထားသော အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြား ခဲ့ပါသည်။

   မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်မဇင်အား ကုန်အမှတ်တံဆိပ်တွင် ပြည့်စုံစွာ ထည့်သွင်းဖော်ပြပါက အခြားမုန့်လုပ်ငန်းရှင်များနှင့်နှိုင်းယှဉ်လျှင် မိမိတို့ကုန်ပစ္စည်းသည် လုံခြုံ စိတ်ချရမည်ဖြစ်ပြီး စားသုံးသူမှကုန်အမှတ်တံဆိပ် ပြည်စုံမှုရှိသောမုန့်များကိုသာ ရွှေးချယ်ဝယ်ယူ အသုံးပြုကြမည်ဖြစ်ပါကြောင်း ကုန်အမှတ်တံဆိပ်မပြည့်စုံသည့် ကုန်စည်နှင့်နှိုင်းယှဉ်ပါက ပြည်သူ များအနေဖြင့် လုံခြုံစိတ်ချမှုရှိသော ကုန်စည်ကိုသာရွှေးချယ်ဝယ်ယူ စားသုံးကြမည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာထည့်သွင်းပြီးလျှင် စားသုံးသူရေးရာဉီးစီးဌာနသို့ လာရောက်၍ လျှောက်ထားနိုင်ကြောင်းနှင့် လုပ်ငန်းရှင်များ၏လျှောက်ထားချက်များကို တိုင်းဒေသကြီးဉီးစီးမှူး ရုံးသို့ ဆက်လက်တင်ပြ ပေးသွားမည်ဖြစ်ကြောင်း  ဆွေးနွေးခဲ့ပါသည်။ မုန့်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်မဇင်မှလည်း မိမိတို့လက်ရှိကာလတွင် ကုန်ဈေးနှုန်းများ ကြီးမြင့်သည့်အတွက် ရောင်းချရသည့်ပမာဏသာ ထုတ်လုပ်ရောင်းချလျှက်ရှိပါကြောင်းနှင့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)