
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး သီးနှံ မျိုးစုံကိုရာသီအလိုက်စိုက်ပျိုးလျှက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းကိုလည်း တောင်သူများ အများဆုံးစိုက်ပျိုးလာကြပါသည်။မြို့နယ်အတွင်း နနွင်းစိုက်ဧက(၉၈၅)ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း၊ မေလနှင့်ဇွန်လများ တွင်စတင်စိုက်ပျိုးလျှက်ရှိပြီး (၁)ဧက မျိုးအနေဖြင့် နနွင်းတက်(၁၅)တင်းစိုက်ပျိုးရပြီး နနွင်းဂေါင်း စိုက်ပျိုးမှုတွင်(၃၀-၃၅)တင်း စိုက်ပျိုးရကြောင်း၊ နနွင်းတက်မျိုး(၁)တင်းလျှင် (၁၅၀၀၀/-)ကျပ်စျေးရှိပြီး (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၂၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ တောင်သူများမှာ နနွင်းခင်းများအတွင်း နှမ်းများလည်းသီးညှပ်စိုက်ပျိုးကြကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ သိုတန်၊ဒါးရဲကောင်းနှင့် စပယ်တောကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ နနွင်းစိုက်ပျိုးမှု ကို ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် နနွင်းတက်အစို (၂၅) တင်းလျှင်(၅၃၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် နနွင်းအစိုတင်း (၃၂၅)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ နနွင်းတစ်တင်းလျှင်(၂၀၀၀၀/-)ကျပ်ဖြင့် ရောင်းချခဲ့ရသောကြောင့် သိန်း(၄၀)ကျပ်ခန့်မြတ်ခဲ့ကြောင်း၊ ယခုအချိန်တွင် နနွင်းများထွက်ရှိခြင်း မရှိသေးကြောင်း ၊ နနွင်းများကို ဖေဖော်ဝါရီလတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း ၊ ယခုလက်ရှိ နနွင်းတက်စျေးနှုန်း အနေဖြင့် နနွင်းတက်အခြောက်(၁)ပိဿာလျှင်(၁၂၅၀၀/-)ကျပ်၊နနွင်းမှုန့်(၁)ဗူးလျှင် (၂၀၀၀/-) ကျပ် ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ ထွက်ရှိချိန်တွင် ပွဲစားများမှ အခင်းထဲသို့ တိုက်ရိုက်လာရောက် ဝယ်ယူလျှက်ရှိပြီး ပွဲစားများမှနနွင်းများကို ရေနွေးဖျောကာ အခြောက်လှမ်း၍ ပွဲရုံများသို့တင်ပို့ ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)