
ကျွန်းလှမြို့တွင် မုန့်ပေါင်း နှင့် အကြော်စုံတို့ကို ပြုလုပ်ရောင်းချလျက်ရှိရာ မုန့်ပေါင်းသည် မြန်မာလူမျိုးတို့အတွက် ရှေးယခင်ကတည်းက ရိုးရာအစားအစာဖြစ်ပြီး လူကြီး/လူငယ် မရွေး စားသုံးကြသော အစားအစာဖြစ်သည်။ မုန့်ပေါင်းသည် ဆီပါဝင်မှုနည်းပြီး ကျန်းမာရေးနှင် ညီညွတ် သည့်အတွက် လူကြိုက်များပြီး ဗိုက်ပြည့်သော သရေစာမုန့်တစ်ခု ဖြစ်ပါသည်။ မုန့်ပေါင်းသည် ကုန်ကြမ်းအဖြစ် ဆန်ကြမ်း နှင့် ကောက်ညှင်းဆန်မှုန့်အနည်းငယ်ရောစပ်၍ ပြုလုပ်ရသော မုန့်ဖြစ် ပြီး မုန့်ပေါင်းကို အနီ/ အဖြူ ဟူ၍ လုပ်ကိုင်ကာ ဈေးနှုန်းအစားစားဖြင့် ရောင်းချလျက်ရှိကြောင်း မုန့်ပေါင်း အနီမှာ ထန်းလျက်ကို ကြိတ်ခွဲ၍ပြုလုပ်ပြီး မုန့်ပေါင်းအဖြူမှာ အဆိမ့်အရသာရှိပြီး ပဲပြုတ် ၊ဆားလှော်၊ နှမ်းထောင်းတို့ဖြင့် ပြုလုပ်ထားပါသည်။ မုန့်ပေါင်းကို လူအများစုက အကြော်စုံဖြင့် တွဲဖက်စားသုံးကြသည်ကို တွေ့ရှိရပြီး အကြော်စုံဖြစ်သည့် ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ မတ်ပဲ ကွင်းကြော်၊ ကုလားဗရာကြော်၊ ပဲပြုတ်ကြော်၊ တို့ဟူးကြော နှင့် ၊ ပဲကပ်ကြော် တို့ကို ရောင်းချ လျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်ပေါင်း အဖြူ ဈေးနှုန်းမှာ(၁)ခုလျှင်(၂၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၅)ခု နှင့် မုန့်ပေါင်းအနီဈေးနှုန်းမှာ (၁)ခု လျှင်(၂၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၄)ခု ဈေးနှုန်းတို့ဖြင့် လည်းကောင်း အကြော်စုံ ဈေးနှုန်း အနေဖြင့် မည်သည့်အကြော်မဆို(၁)ခုလျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၁၀)ခု တို့ဖြင့် ရောင်းချလျက်ရှိကြောင်း အကြော်စုံကို ထမင်းစားရာတွင် အရန်ဟင်းအဖြစ် စားသုံးသူများရှိသည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)