Main menu

လားရှိုးမြို့နယ်အတွင်း ဆေးခြောက်ထည့်သွင်းပြုလုပ်ထားသော ဆေးဝါးနှင့်စားသောက်ကုန်များ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန်အတွက်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သည့် စားသုံးသူရေးရာဦးစီးဌာနနှင့် အဖွဲ့ဝင်ဌာန(၆)ခုပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ကွင်းဆင်းစိစစ်ရေးအဖွဲ့အား ၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါစိစစ်ရေးအဖွဲ့သည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် လားရှိုးမြို့အတွင်းရှိ တက္ကသိုလ်ကျောင်းများဖြစ်ကြသည့် လားရှိုးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများ အနီးဝန်းကျင်တစ်လျှောက် ဖွင့်လှစ်ထားသော ဆေးပစ္စည်းအရောင်းဆိုင်များ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်များအား သွားရောက်၍ ဆေးခြောက်နှင့် ဆက်စပ်ပစ္စည်းများ ထည့်သွင်းထုတ်လုပ်ထားသော စားသောက်ကုန်များ ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းနှင့် ၎င်းစားသောက်ကုန်များအား ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)