Main menu

ဘဏ္ဍာနှစ်သစ်အစတွင် နီပေါနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များ သိသိသာသာမြင့်တက်လာ

Powered by Drupal

          နီပေါနိုင်ငံသည် ဇူလိုင်လလယ်တွင် စတင်ခဲ့သော ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၏ ပထမလတွင် နီပေါရူပီ ၂၄.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇၂.၃၂ သန်း) တန်ဖိုးရှိ နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြုပ်နှံမှု (FDI) များကို ကတိပြုခဲ့ကြောင်း စက်မှုဝန်ကြီးဌာနက သြဂုတ်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ ပမာဏသည် ယခင်ဘဏ္ဍာရေးနှစ် ပထမလ၏ ရူပီး ၅၉၇.၅၆ သန်းနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။

          အသစ်ကတိပြုထားသော ရင်းနှီးမြုပ်နှံမှုများသည် အလုပ်အကိုင် ၈၂၆၈ ခု ဖန်တီးရန် ရည်မှန်းထားသော စီမံကိန်း ၁၂၇ ခုအတွက်ဖြစ်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍသည် စီမံကိန်းနှင့်ပက်သက်၍ ကတိကဝတ်အများဆုံးရရှိထားပြီး စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍသည် ကတိပြုထားသည့် ပမာဏစာရင်းတွင် ထိပ်ဆုံးမှရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)