Main menu

အာဖဂန်ထုတ်ကုန်များပြပွဲကို ၃ ရက်ကြာ Paktia ပြည်နယ်တွင် ဖွင့်လှစ်ပြသခဲ့

Powered by Drupal

          ပြည်တွင်းထုတ်ကုန်များ မြှင့်တင်ရန်နှင့် ပြည်တွင်းလုပ်ငန်းရှင်များ စွမ်းဆောင်ရည်ကို မြှင့်တက်ရန်ရည်ရွယ်သည့် သုံးရက်တာပြပွဲကို အာဖဂန်နစ္စတန် နိုင်ငံအရှေ့ပိုင်း Paktia ပြည်နယ် ၏မြို့တော် Gardiz တွင်ဖွင့်လှစ်ခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာ၏ သြဂုတ်လ ၁၅ ရက် နေ့ ဖော်ပြချက်အရသိရသည်။

          ပြပွဲတွင်လယ်ယာထွက်ကုန်များ၊ ရိုးရာလက်မှုပစ္စည်းများ၊ စားသောက်ကုန်များ၊ အထည်အလိပ်နှင့် ဒေသထွက်ကုန်များအပါအဝင် အာဖဂန်နိုင်ငံထုတ်ကုန်ပစ္စည်းမျိုးစုံကို ခင်းကျင်းပြသထားသည့် ပြခန်းပေါင်း ၈၀ ကို ပြသထားကြောင်း Tolonew ၏ ဖော်ပြချက်အရသိရသည်။

          ပြပွဲသည် အာဖဂန်ထုတ်ကုန်များကို မြှင့်တင်ရန်၊ အသေးစားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးရန်နှင့် ပြည်တွင်းစက်မှုလုပ်ငန်းများ အားကောင်းစေရန် ဒီဇိုင်းချထားခြင်းဖြစ်ကြောင်း သိရသည်။

Source: Xinhua

DOCA (ရန်ကုန်)