
အင်ဒိုနီးရှားသမ္မတ Prabowo Subianto သည် ၂၀၂၆ ခုနှစ် စီးပွားရေးတိုးတက်မှု ရည်မှန်ချက် ၅.၄ ရာခိုင်နှုန်းသို့ ရောက်ရှိစေရန် ပစ်မှတ်ထားလျက်ရှိပြီး မြစ်အောက်ပိုင်း စက်မှုထွန်းကားရေးကို အရှိန်မြှင့်တင်ရန်နှင့် ဆယ်စုနှစ်တစ်ခုအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ အပြည့်အဝ ပြောင်းလဲနိုင်စေရန် ကတိပြုခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ၏ နှစ် ၈၀ ပြည့်လွတ်လပ်ရေးနေ့နှစ်ပတ်လည်နေ့မတိုင်မီ သြဂုတ်လ ၁၇ ရက်နေ့တွင် ပါလီမန် အဆောက်အအုံ၌ Prabowo က နိုင်ငံတော်ဘတ်ဂျတ်အား ခိုင်မာပြီး ခံနိုင်ရည်ရှိသော နိုင်ငံတည်ဆောက်ရေးတွင် အဓိကထားအသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၅.၄ ရာခိုင်နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ၂.၅ ရာခိုင်နှုန်းရှိလာရန်ရည်မှန်းထားကြောင်း အင်ဒိုနီးရှားသမ္မတ Prabawo ၏ပြောကြားချက်အရသိရသည်။
Source: Xinhua
DOCA (ရန်ကုန်)