Main menu

ပြည်တွင်းတင်သွင်းမှုရပ်ဆိုင်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စျေးများမြင့်တက်လျက်ရှိ

Powered by Drupal

          ယခုနှစ်ပထမနှစ်ဝက်တွင် ဖိလစ်ပိုင်နိုင်ငံ ဆန်စျေးနှုန်းများသည် နိုင်ငံ၏ အဓိကဆန်ထုတ် လုပ်သည့်ဒေသများတွင် ပြည်တွင်းတင်သွင်းမှုရပ်ဆိင်းမှုများကြောင့် မြင့်တက်လျက်ရှိကြောင်း အစိုးရဌာနများ၏ ထုတ်ပြန်ချက်အရ သိရပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန(DA)၏ ပြောကြားချက်အရ နိုင်ငံတော်အစားအသောက်အဖွဲ့အစည်း(NFA)၏ အချက်အလက်များသည် ဖိလစ်ပိုင်နိုင်ငံ ဖွံ့ဖြိုးဆဲဒေသ ၁၃ ခုများတွင် ဆန်စျေးနှုန်းမြင့်တက်မှုများ မြင်တွေ့နေရပြီ ဟုဖော်ပြနေကြောင်း သိရပါသည်။ NFA သည် ကုန်သည်များ၏ ဆန်ဝယ်ယူနှုန်းသည် သမ္မတ Marcos ၏ တင်သွားမှုပိတ်ဆို့ခြင်းအမိန့် မထုတ်ပြန်မှီ ဇူလိုင်လ နောက်ပိုင်းမှစ၍ ၀.၃ ရာခိုင်နှုန်းမှ ၂.၆ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု ဖော်ပြနေကြောင်း သိရပါသည်။ DA ၏ထုတ်ပြန်ချက် အရ Central Luzon တွင် ပျမ်းမျှဆန်ဝယ်ယူစျေးနှုန်းသည် တစ်ကီလိုလျှင် ပီဆို ၁၆.၉၈ ထိရှိခဲ့ပြီး Mindanao တောင်ပိုင်းတွင် တစ်ကီလိုလျှင် ပီဆို ၂၀.၅၉ အထိ ရောက်ရှိခဲ့ပါသည်။ ဆန်စျေးနှုန်း သည် Tagalog တောင်ပိုင်းတွင် တစ်ကီလိုလျှင် ပီဆို ၁၆.၅၂ ဖြင့် တည်ငြိမ်လျက်ရှိပြီး Visayas အနောက်ပိုင်းတွင် တစ်ကီလိုလျှင် ပီဆို ၁၇.၆၀ ဖြင့် တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန အတွင်းရေးမှူးဆိုသူ Francisco Tiu Laurel Jr. က ဖိလစ်ပိုင်အစိုးရသည် တင်သွင်းမှုရပ်ဆိုင်းခြင်းကြောင့် စျေးကွက်တုန့်ပြန်မှုအပေါ် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် NFA အုပ်ချုပ်ရေးမှူးဆိုသူ Larry Lacson က အဆိုပါဆန်စျေးနှုန်း မြင့်တက်မှုသည် လယ်သမားများအတွက် သင့်တော်ကြောင်းနှင့် ကောင်းမွန်သောလက္ခဏာများဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။

Source: Philstar

DOCA (ရန်ကုန်)