
သြစတြေးလျနိုင်ငံတောင်ပိုင်းမှ ကုန်ပစ္စည်းတင်ပို့မှုအခြေအနေများသည် မြင့်တက်လျက်ရှိနေပြီး နိုင်ငံပိုင်ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများယူဆောင်လာပေးနေကြောင်း သိရပါသည်။ Iconic ဖိနပ်ပြုလုပ်သည့် RM Williams သည် နိုင်ငံတကာစျေးကွက်တွင် ပြည်တွင်းထုတ်ကုန်ဝယ်လိုအားမြင့်တက်စေရန် ရင်းနှီးမြှုပ်နှံသူများထဲတွင် ပါဝင်နေကြောင်း သိရပါသည်။ Salisbury နှင့် Adelaide မြောက်ပိုင်းတွင် အခြေစိုက်ပြီးလုပ်ကိုင်နေသော အဆိုပါ ကုမ္ပဏီသည် ကမ္ဘာ့စျေးကွက်အကြား တိုးတက်လာမှုကို ကျေနပ်လျက်ရှိကြောင်း သိရပါသည်။ RM Williams လက်လီအရောင်းဆိုင် ၄ ဆိုင်သည် UK တွင် လုပ်ငန်းလည်ပတ်လျက်ရှိပြီး အဓိက ဗြိတိန်ဌာနစျေးဆိုင်များတွင် ဝယ်လိုအားများမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ကုန်ပစ္စည်းတင်ပို့မှုမြင့်တက်လာခြင်းသည် ဖက်ရှင်လုပ်ငန်းကိုကျော်လွန်လျက်ရှိပြီး သြစတြေးလျနိုင်ငံ တောင်ပိုင်း၏ အဆင့်မြင့်အစားအသောက်နှင့် ဝိုင်ရောင်းဝယ်ရေးလုပ်ငန်းများသည်လည်း နိုင်ငံတကာဝယ်လိုအား မြင့်တက်လာမှုများကြောင့် အကျိုးအမြတ်များမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ အစိုးရဌာန၏ ထုတ်ပြန်ချက်များအရ သြစတြေးလျနိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှုများသည် ၂၀၂၂ မှစတင်၍ မြင့်တက်လျက်ရှိကြောင်း သိရပါသည်။
Source: Nine News
DOCA(ရန်ကုန်)