Main menu

ပေါ်တူဂီ၏ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုများ မြင့်တက်

Powered by Drupal

          ပေါ်တူဂီနိုင်ငံ၏ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုများသည် ၂၀၂၄ ခုနှစ်တွင် ရရှိခဲ့သော ယူရို ၁.၂၈၈ ဘီလီယံနှင့် နှိုင်းယှဥ်ကြည့်လျှင် ယခုနှစ် ပထမနှစ်ဝက်တွင် ၉.၂ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ ပေါ်တူဂီနိုင်ငံအစိုးရ စာရင်းအင်းဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ နိုင်ငံခြားစျေးကွက်သို့တင်ပို့သော ပေါ်တူဂီနိုင်ငံ၏ ထုတ်ကုန်အရေအတွက်သည် မြင့်တက်လျက်ရှိပြီး ယခင်နှစ်ကာလနှင့်နှိုင်းယှဥ်လျှင် ကီလိုပေါင်း ၈၃၇ သန်းခန့် ၈.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရပါသည်။ ဥရောပသမဂ္ဂသည် ပေါ်တူဂီနိုင်ငံမှ ထုတ်လုပ်သော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များနှင့် ပန်းများအတွက် အဓိကသွားမည့်နေရာဖြစ်ကြောင်း ပေါ်တူဂီနိုင်ငံ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းထုတ်လုပ် မှု မြှင့်တင်မှုအသင်းမှ ဥက္ကဌဆိုသူ Goncalo Santos Andrade က မှတ်ချက်ပြုခဲ့ပါသည်။ အလားတူပင် ပေါ်တူဂီနိုင်ငံသို့ ကုန်ပစ္စည်းတင်သွင်းမှုသည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဥ်လျှင် ယူရို ၁.၄၈၆ ဘီလီယံခန့် ၉.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်းနှင့် တင်သွင်းမှုတန်ချိန်သည် လည်း ကီလို ၁.၂၄၀ သန်းမှ ၁.၃၈၀ သန်း အထိ မြင့်တက်လာကြောင်း သိရပါသည်။ “၎င်းတို့အနေဖြင့် စိုက်ပျိုးရေးကဏ္ဍ၏ ကြီးမားသောဖွင့်ဟပြီး သွင်းကုန်ဝန်ထုပ်ဝန်ပိုးဖြစ်မှုကို လျော့ချရန်အတွက် ရည်မှန်းချက်ထားရှိရန်နှင့် ခိုင်မာသောကတိကဝတ်များ ပြုလုပ်ရန်လိုအပ် ကြောင်း” Goncalo Santos Andrade က အထူးအ‌လေးပေးပြောကြားခဲ့ပါသည်။ ပြိုင်ဆိုင်မှုအရှိန် အဟုန်မြှင့်တင်ရန်အတွက် လယ်သမားများပူးပေါင်းဆောင်ရွက်ခြင်းနှင့်‌ ထောက်ပံ့မှုစုစည်းခြင်းသည် နည်းဗျူဟာမြောက်လိုအပ်မှုများဖြစ်ပြီး အခြေခံအ‌ဆောက်အဦများသို့ ဆည်မြောင်းရေပေးခြင်းနှင့် ရေကန်သိုလှောင်မှုစီမံခန့်ခွဲမှုများသည် အ‌ရေးကြီးသော ရင်းနှီးမြှုပ်နှံမှုများဖြစ်ကြောင်း Goncalo က ထပ်ပေါင်းပြောကြားခဲ့ပါသည်။

Source: The Portugal News

DOCA (ရန်ကုန်)