Main menu

မကွေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီအစည်းအဝေး (၃/၂၀၂၂)ကျင်းပ

Powered by Drupal

   စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ကြား အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၀)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

    အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Power Point များဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး (၂/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်မှ  အမှာစာ များကိုဖတ်ကြားကာ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ အမှာစာများအပေါ် လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြပါသည်။ ထို့နောက် စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားကာ  အစည်းအဝေးကို နံနက် (၁၁: ၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

    အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်ဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများ စုစုပေါင်း (၁၄)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)