Main menu

Svay Rieng ပြည်နယ်တွင် ကန်ဒေါ်လာ သန်း ၃၀ နီးပါးတန်ဖိုးရှိ အထည်ချုပ်စက်ရုံ ဖွင့်လှစ်

Powered by Drupal

      ရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၀ ဝန်းကျင်ရှိသော အထည်ချုပ်စက်ရုံ အသစ် တစ်ခုကို ၃၀-၈-၂၀၂၅ ရက်နေ့တွင် Svay Rieng ပြည်နယ်တွင် စတင်ဖွင့်လှစ်ခဲ့ သည်။  လုပ်ငန်းလည်ပတ်ပြီးသည်နှင့် စက်ရုံသည် သိသာထင်ရှားသော စီးပွားရေးအကျိုးအမြတ် များစွာဖန်တီးပေးနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၂,၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ Svay Rieng ပြည်နယ်ရှိ Qilu အထူးစီးပွားရေးဇုန်တွင် ကမ္ဘောဒီးယား Haujoy အထည်အလိပ် ကုမ္ပဏီလီမိတက်၏ ဖွင့်ပွဲအခမ်းအနားကို Svay Rieng ပြည်နယ် အုပ်ချုပ်ရေးမှူး Peng Pursa က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သည်။ Svay Rieng ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယား Haujoy အထည်အလိပ် ကုမ္ပဏီ လီမိတက်သည် Svay Rieng ပြည်နယ်တွင် ၈ ဟက်တာအကျယ်အဝန်းရှိ အထည်ချုပ် စက်ရုံ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ အခမ်းအနားတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး Pursa က အထည်ချုပ်စက်ရုံသစ်သည် Svay Rieng ပြည်နယ်အတွက်သာမက ကမ္ဘောဒီးယားနိုင်ငံတစ်ခုလုံးအတွက် ဂုဏ်ယူစရာအရင်းအမြစ် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စက်ရုံတည်ထောင်ခြင်းသည် ကြီးမားသောစီးပွားရေး အကျိုးအမြတ်များစွာကို ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး အလုပ်သမား ၂,၀၀၀ ကျော်အတွက် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ ဒေသတွင်းစက်မှုအခြေခံကို အားကောင်းချဲ့ထွင်ကာ ကမ္ဘောဒီးယားနိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များသို့ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။  စီမံကိန်းသည် ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) ၏ စက်မှုဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များတွင် နိုင်ငံ၏အခန်းကဏ္ဍကို မြှင့်တင်ရန် မဟာဗျူဟာနှင့် ကိုက်ညီကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ Svay Rieng ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့၏အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ် ၁၀၂ ခု ရရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုတွင် တိုင်းနှင့်ပြည်နယ် များအနက် ဒုတိယအဆင့်တွင် ရပ်တည်နေကြောင်း သိရသည်။ 

Source: Khmer Times                                                                                  

DOCA(ရန်ကုန်)