Main menu

ကမ္ဘောဒီးယားတွင် အခွင့်အလမ်းများကို ဆုပ်ကိုင်ရန် အမေရိကန် ရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်းခဲ့

Powered by Drupal

      ကမ္ဘောဒီးယားနိုင်ငံ၊ CDC ၏ ဒုတိယ ဥက္ကဋ္ဌ (၁) Sun Chanthol နှင့် အမေရိကန်နိုင်ငံ ၊ Texas(တက္ကဆက်) ပြည်နယ်မှ အောက်လွှတ်တော် အမတ် Beth Van Duyne ဦးဆောင်သော အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပြီးနောက် ပေါ်ပေါက်လာသော ကုန်သွယ်မှု အားသာချက်များနှင့် စီးပွားရေး ရာသီဥတုကို လျင်မြန်စွာ တိုးတက်အောင် အသုံးချရန် အမေရိကန်ရင်းနှီးမြှုပ်နှံသူများကို ကမ္ဘောဒီးယားက တိုက်တွန်းထားခဲ့သည်။ ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) တွင် ကျင်းပခဲ့သည့် အဆိုပါအစည်းအဝေး သည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ပြသရန် ရည်ရွယ်ပြီး နှစ်နိုင်ငံနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေရန်နှင့် အပြန်အလှန်အကျိုးရှိစေရန်အတွက် ဖြစ်သည်။ အစည်းအဝေးတွင် CDC ၏ ဒုတိယ ဥက္ကဋ္ဌ (၁) Sun Chanthol က ကမ္ဘောဒီးယားမှ အမေရိကန်သို့ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အခွန်နှုန်းထားကို ၄၉ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းသို့ လျှော့ချရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနှင့်  အဆိုပါ အခွန်လျော့ချမှုသည် ကမ္ဘောဒီးယား ပို့ကုန်လုပ်ငန်းရှင်များအတွက် သိသာထင်ရှားသော တွန်းအားပေးမှုတစ်ခုဖြစ်ပြီး နိုင်ငံတော်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အတွက် အခွင့်အလမ်းများ ရှာဖွေရန် မက်လုံးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံစဉ် Chanthol သည် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ မက်ခရိုစီးပွားရေး တည်ငြိမ်မှုနှင့် ဒစ်ဂျစ်တယ် နယ်ပယ်တွင် ကျွမ်းကျင်သော လုပ်သားအင်အားစုအပေါ် တည်ဆောက်ထားသည့် နိုင်ငံတော်၏ အပြုသဘောဆောင်သောရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကိုအလေးပေးပြောကြားခဲ့သည်။ Van Duyne က နိုင်ငံတော်၏ စီးပွားရေး ကြံ့ကြံ့ခံနိုင်မှု၊ မက်ခရိုစီးပွားရေး တည်ငြိမ်မှုနှင့် ခိုင်မာသော တိုးတက်မှု မှတ်တမ်းတို့ကို ချီးကျူးခဲ့ပြီး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော် ကာကွယ်ရေးနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု တိုက်ဖျက်ရေးတို့ကိုထည့်သွင်း ဆွေးနွေးခဲ့ကြ သည်။ ကမ္ဘောဒီးယားနှင့် အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ပထမ (၇) လတွင် အားကောင်းလာခဲ့ပြီး အမေရိကန်နိုင်ငံသို့ ကမ္ဘောဒီးယား၏ ပို့ကုန်သည် ဇန်နဝါရီမှ ဇူလိုင်လအထိ ခန့်မှန်းခြေ ကန်ဒေါ်လာ ၆.၉၂ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ကန်ဒေါ်လာ ၅.၅၁ ဘီလီယံမှ ၂၅ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု ဦးစီးဌာန (GDCE) ၏ နောက်ဆုံးထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ အလားတူကာလအတွင်း အမေရိကန်၏ သွင်းကုန်သည် ကန် ဒေါ်လာ ၂၀၁ သန်းအထိ မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမခုနစ်လတွင် ကန်ဒေါ်လာ ၁၅၄ သန်း နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

Source: Khmer Times                                                                                  

DOCA(ရန်ကုန်)