
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နှစ်ရှည်သီးနှံအမျိုးဖြစ်သည့် ကျွဲကောသီးအား ဒေသခံများက စီးပွားဖြစ်စိုက်ပျိုးလာကြောင်း သိရသည်။ ကျွဲကောသီးအား ဓာတ်စာအဖြစ် စားသုံးကြသလို လက်ဆောင်ပေးရန်အတွက်လည်း မျက်နှာပန်းလှသော အသီးတစ်မျိုး ဖြစ်ပါသည်။
ကျွဲကောသီးပင်သည် စိုက်ပျိုးပြီး (၅)နှစ်အကြာ၌ စတင်ဆွတ်ခူးနိုင်ပြီး အသီးအရွယ် အစားပေါ်မူတည်၍ စျေးနှုန်းရကြောင်းသိရသည်။ ကျွဲကောသီးမှာ နွေသီးနှင့်မိုးသီး နှစ်မျိုးရှိရာ နွေသီးမှာ စျေးပိုမိုရရှိကြောင်း အပင်တစ်ပင်လျှင် အလုံး (၇၀) မှ (၈၀) ထိ ခူးဆွတ်ရရှိပြီး တစ်ဧကလျှင် အပင် (၁၅၀)ခန့် စိုက်ပျိုးနိုင်ပြီး သွင်းအားစုအနေဖြင့် တစ်နှစ်လျှင် (၂) ကြိမ် ထည့်ရကာ တစ်ဧကကုန်ကျစရိတ်မှာ (၁၅၀) သိန်းခန့်ရှိကြောင်း သိရပါသည်။
ထွက်ရှိလာသော ကျွဲကောသီးများအား ရန်ကုန်၊ မန္တလေးသို့ ရောင်းချရပြီး အကြီးတစ်လုံး (၅၀၀၀)၊ အလတ် (၃၀၀၀)၊ အသေး (၂၀၀၀)ကျပ် အရောင်းအဝယ်ဖြစ်ကြောင်း စိုက်ပျိုးသော ခြံပိုင်ရှင်များအနေဖြင့် စီးပွားရေးတွက်ချေကိုက်ပြီး အမြတ်များစွာရရှိကြောင်း သိရသည်။
DOCA (မွန်)