Main menu

ဂျပန်နိုင်ငံ၏ အဓိကပစ္စည်းမှာယူမှုများ တတိယသုံလပတ်တွင်မြင့်တက်

Powered by Drupal

          ဂျပန်နိုင်ငံ၏ အဓိကစက်ပစ္စည်းမှာယူမှုမှာ ဧပြီလနှင့် ဇွန်လတွင် သုံးလပတ်ဆက်တိုက် မြင့်တက်ခဲ့ကြောင်း အစိုးရအချက်အလက်များက သြဂုတ်လ ၂၀ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။

          အစိုးရအဖွဲ့ရုံး၏ အဆိုအရ ပုဂ္ဂလိက အခန်းကဏ္ဍ၏ အဓိကမှာယူမှုများသည် သင်္ဘောများနှင့် လျှပ်စစ်ဓာတ်အား လုပ်ငန်းများမပါဝင်ဘဲ ယခင်သုံးလပတ်တွင် ၀.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ရာသီအလိုက်ချိန်ညှိပြီးနောက် ယန်း ၂.၇၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၇ ဘီလီယံခန့်) သို့ ရောက်ရှိခဲ့ကြောင်းသိရပါသည်။

          ကဏ္ဍအလိုက်ထုတ်လုပ်သူများထံမှ မှာယူမှုများသည် ၁.၅ ရာခိုင်နှုန်း တက်လာခဲ့ပြီး သံမပါသော သတ္တုများ၊ရေနံနှင့် ကျောက်မီးသွေးထုတ်ကုန်များ၊ ဓာတုဗေဒလုပ်ငန်း စီမံကိန်းကြီးများကြောင့် မှာယူမှုများလာခဲ့ခြင်း ဖြစ်ပါသည်။

          မော်တော်ကားထုတ်လုပ်သူများနှင့် ဆက်စပ်ပစ္စည်းမှာယူမှုများသည် ၁၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်အကောက်ခွန်ဆိုင်ရာ အစီအမံများအပေါ် စိုးရိမ်မှုများကြောင့် လုပ်ငန်းများသည် ဒုတိယမြောက်သုံးလပတ်ဆက်တိုက် ကျဆင်းခဲ့ပါသည်။

          ကုန်ထုတ်လုပ်မှုမဟုတ်သောလုပ်ငန်းများက ၀.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး မှာယူမှုအများ ဆုံးတွင် သယ်ယူပို့ဆောင်ရေး၊စာတိုက်နှင့် ဆက်သွယ်ရေးလုပ်ငန်းများမှ ကွန်ပျူတာမှာယူမှုများက ဦးဆောင်နေပါသည်။လယ်ထွန်စက်ကဲ့သို့သော စိုက်ပျိုးရေးသုံး စက်ယန္တရားများမှာလည်း ဝယ်လိုအားခိုင်မာနေဆဲဖြစ်ပါသည်။ စက်ကိရိယာမှာယူမှုများသည် ကောင်းမွန်သောလက္ခဏာများ ပြန်လည်ပြသလျက်ရှိကြောင်း ဝန်ကြီးများရုံးက ပြောကြားခဲ့ပါသည်။

Source: Xinhua

DOCA (ရန်ကုန်)