Main menu

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသော ခရမ်းသီးဈေးနှုန်း

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ  နေ့စဉ်မိသားစုအပိုဝင်ငွေရရှိစေရန် ခရမ်းသီး၊ ရုံးပတီသီး၊ သခွားသီး ၊ ဘူးသီး၊ ဆူးပုတ်ရွက်စသည့် စားဖိုဆောင်သီးနှံများ  စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီးပင်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းကာ နေ့စဉ်ခူးဆွတ်ရောင်းချရပြီး မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဆင်စွယ်ခရမ်းအစိမ်း ရောင်(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ အစိမ်းသီးတစ်ပိဿာလျှင်  (၃၈၀၀)ကျပ် ဆင်စွယ်ခရမ်း ခရမ်းရောင်(၂၅)ကျပ်သားလျှင် (၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၈၀၀)ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ အစိမ်းရောင်၊ အဖြူရောင်ခရမ်းသီးကို လူကြိုက်ပိုများကြောင်း၊ ကုန်စိမ်းရောင်းချသူများထံမှ သိရှိရ သည်။

DOCA (စစ်ကိုင်း)