
ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံအတွက်အားထားရသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မိုးစပါးစိုက်ဧက (၃၇) သိန်းကျော်နှင့် နွေစပါးစိုက်ဧက (၁၅) သိန်းကျော် စုစုပေါင်းစိုက်ဧက (၅၂) သိန်းကျော်နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ဒေသတွင်း စားသုံးမှုဖူလုံရုံသာမက ပိုလျှံသည့် ဆန် ၊ ဆန်ထွက်ပစ္စည်းများကို ပြည်တွင်း ဈေးကွက်နှင့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသလို ဈေးနှုန်းပိုမိုရရှိသည့် ပေါင်းဆန်များကိုလည်း တိုင်းအတွင်းရှိ ပေါင်းဆန် စက်ရုံ (၁၃) စက်မှ ကြိတ်ခွဲထုတ်လုပ်၍ ရန်ကုန်မှတစ်ဆင့်အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံ များသို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပဈေးကွက်ဈေးနှုန်း ပိုမိုရရှိသည့်အတွက် ပေါင်းဆန် ကြိတ်ခွဲ ထုတ်လုပ်နိုင်မှု ပမာဏမှာ တစ်နှစ်လျှင် ခန့်မှန်း ၃၅၄၄၆၀ တန်ထုတ်လုပ်လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဧပြီလမှ ဩဂုတ်လအထိ ပေါင်းဆန်တန် ၂၁၅၁၉ ၊ ၄၃၀၃၈၀ အိတ် တင်ပို့ ရောင်းချခဲ့ကြောင်း သိရသည်။
DOCA (ဧရာဝတီ)
