Main menu

ဧရာဝတီတိုင်းဒေသကြီး ပြည်ပပို့ကုန်ငါးရှဉ့်ဈေးကွက်

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပဈေးကွက် ဝယ်လိုအားရှိသော ငါးရှဉ့် များကို ပြည်ပသို့ နှစ်ပတ်လည်တင်ပို့ရောင်းချမှုရှိသော်လည်း ပွင့်လင်းရာသီထက် ယခုလို မိုးတွင်းတွင် ငါးရှဉ့်များကို ပိုမိုဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်၊၊

    ငါးရှဉ့်မျိုးများကို ထိန်းသိမ်းရန် ငါးလုပ်ငန်းဦးစီးဌာနမှ (၅)စင်တီမီတာ လုံးပတ် အထက်သာ ဖမ်းဆီးတင်ပို့ရောင်းချခွင့်ပြုပြီး ဇွန်လမှ နိုဝင်ဘာလအထိ ဈေးကွက်မှတင်ပို့မှုများ၍ ဒီဇင်ဘာလ နောက်ပိုင်းငါးရှဉ့်အဝင်နည်းသွားကြောင်း ပုသိမ်ဈေးကွက်မှပြည်ပတင်ပို့သော ငါးရှဉ့်များမှာ ပါးနီ၊ ပါးမွှား(၂)မျိုးသာ Export ဈေးကွက်သို့တင်ပို့လျက်ရှိပြီး ငါးရှဉ့်တွင် ကျန်းမာရေးအတွက် ပရိုတင်း ကြွယ်ဝလျက် အာရုံကြောကောင်းမွန်၍ သတ္တုဓာတ်နှင့် ဗီတာမင် တွေလည်း ပါဝင်ပြီး သံဓာတ်များ လည်းပါဝင်ကြောင်း သံဓာတ်လုံလောက်မှုမရှိရင် ခန္ဓာကိုယ်ထဲမှာ သွေးနီဥနည်းပါး၍ ခေါင်းမူး ခေါင်းကိုက်အားနည်းတာတွေဖြစ်နိုင်ကြောင်း ၎င်းအပြင်နွားနို့၊ ဒိန်ချဉ်တို့လို အရိုးကိုသန်မာစေသော Phoshorus ဓာတ်များပါဝင်ပြီး သွေးအာကောင်း၍ သွေးအား ကောင်း၍ ငါးရှဉ့်ကို ပြည်တွင်း စားသောက်ဆိုင်များနှင့်ဟိုတယ်စာအဖြစ် စားသုံးလျက်ရှိကြောင်း ဈေးကွက်မှ သိရသည်၊၊

          ပုသိမ်မြို့ပေါ်အဝယ်ဒိုင်သို့ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်များရှိ ကျေးရွာ များမှ အဝယ်ဒိုင်သို အဓိကလာရောက်ရောင်းချလျက်ရှိပြီး အကောင်အကြီး၊ အသေးပေါ် မူတည်၍ (၁)ပိဿာလျှင် ၁၂၀၀ဝိ/- ၁၆၀၀ဝိ/- ဈေးဖြင့် ဝယ်ယူလျက်ဝယ်ယူထားသော ငါးရှဉ့် များကို ရေနှစ်ထပ်၊ သုံးထပ်လဲလှယ်၍ ငါးရှဉ့်အသေးများကို ဖယ်ပြီးဖော့ပုံး၊ ပလပ်စတစ်ပုံး များတွင် ၂၀/၂၅ပိဿာ ထည့်သွင်း၍ ရန်ကုန်မြို့ရှိစံပြဈေး၊ လှိုင်သာယာဈေးနှင့် အင်းစိန်မြို့နယ် ကြို့ကုန်း ငါးရှဉ့်အဝယ်ဒိုင်ကြီးများသို့ တင်ပို့လျက် ရန်ကုန်မှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း ပုသိမ်မြို့ငါးရှဉ့်လုပ်ငန်းရှင်များထံမှ သိရသည်၊၊

 DOCA (ဧရာဝတီ)