
ဧရာဝတီတိုင်းဒေသကြီးသည် ပုစွန်ထွက်ရှိရာ အဓိကဒေသအဖြစ် နာမည်ကျော်ကြားပြီး ဒေသခံ ပုစွန်ဖမ်းလုပ်ငန်းရှင်များသည် ပင်လယ်ပြင် နှင့် မြစ်ဝကျွန်းပေါ်ဒေသရှိ ချောင်းများမှ အရည်အသွေးမြင့် ပုစွန်အမျိုးအစားများကို ရာသီအလိုက် ဖမ်းဆီးရရှိလျက်ရှိသည်။
ရရှိသော လတ်ဆတ်သည့် ပုစွန်များကို ပြည်ပနိုင်ငံများသို့ ရေခဲထည့်သေတ္တာများဖြင့် လတ်ဆတ်မှုအပြည့် ထိန်းသိမ်း၍ သော်လည်းကောင်း၊ အခွံခွာပြုတ်ပြီး ပြုပြင်ထားသော ပုံစံဖြင့် သော်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိရာ ဂျပန်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် အထူးဝယ်လိုအား မြင့်မားကြောင်း သိရသည်။
ပုစွန်သည် ပရိုတင်းဓာတ်ကြွယ်ဝမှုနှင့်အတူ ကယ်လ်ဆီယမ်၊ အိုင်အိုဒင်းနှင့် Omega-3 fatty acids ကဲ့သို့သော ခန္ဓာကိုယ်အတွက် အကျိုးပြုဓာတ်စင်များ ပါဝင်သည့် အာဟာရအလွန်ပြည့်ဝသော စားသုံးကုန်တစ်ခုဖြစ်သည်။
ဒေသအတွင်းရှိ ပုစွန်လုပ်ငန်းရှင်များသည် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရန် အရည်အသွေးစံချိန်ကိုက်ညီမှုနှင့် ကျန်းမာရေးစည်းမျဉ်းများကို အလေးထား ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၏ ပုစွန်များသည် ပြည်ပပို့ကုန်ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကုန်ပစ္စည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
DOCA (ဧရာဝတီ)
