Main menu

ကြောင်လျှာသီးဈေနှုန်းဈေးကွက်

Powered by Drupal

       နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ရာသီစာကြောင်လျှာသီးများ ထွက်ပေါ်နေ လျက်ရှိကြောင်း သိရပါသည်။ ကြောင်လျှာပင်များကို အိမ်ခြံမြေများရှိ စည်းရိုးများတွင် ရာသီစာ သီးနှံပင်များအဖြစ် စိုက်ပျိုးထားကြပြီး သုံးနှစ်ကျော်တွင် အပွင့်ပွင့်၍ အသီးများကို ဆွတ်ခူးရောင်းချ စားသောက်နိုင်သည်။ ကြောင်လျှာသီးကို မီးဖြင့် အုံး၍သော်လည်ကောင်း၊ ပြုတ်ပြီး တို့တို့၊ ပါးပါးလှီးပြီး ချဉ်ဖက်စိမ်၍လည်ကောင်း၊ ဆီချက်ပဲမှုန့်တို့နှင့် သုပ်စား၍လဲ ရပါသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ၊ တတိပတ်တွင် အရွယ်အစားကိုလိုက်၍ ကြောင်လျှာသီး တစ်တောင့်လျှင် (၄၀၀-၇၀၀)ကျပ်နှုန်း ပေါက်ဈေးရှိပြီး  ကုန်စိမ်းဒိုင်များမှ  တဆင့်ရန်ကုန်မြို့သို့ အဓိကတင်ပို့ရောင်းချပြီး သုံးဆယ်နှင့် ကြို့ပင်ကောက်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ 

  DOCA(ပဲခူး)