စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့တင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ ကျန်းမာရေးနှင့်ညီညွှတ်ပြီးဘေးအန္တရာယ် ကင်းရှင်းသည့် စားအုန်းဆီများကိုသုံးစွဲနိုင်ရေး ၊ စျေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်း ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်ဆောင်ရွက်လျှက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး (၅-၉-၂၀၂၂)ရက်နေ့တွင် ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်မြို့နယ်ရှိ သာဂရကျေးရွာ ငါးဆူကျေးရွာ ၊ သင်တောင်းကြီးကျေးရွာ ၊ အင်းကုန်း စက်မှုလယ်ယာဝန်းတွင်လည်းကောင်း ၊ စဉ့်ကိုင်မြို့နယ်တွင် တရုတ်စုရပ်ကွက် နှင့် စက်ရုံ အားကစားကွင်းတွင်လည်းကောင်း ၊ မြစ်သားမြို့နယ်တွင် လမ်းခွကျေးရွာနှင့် ရွှေပေါ်ကျွန်းကျေးရွာ တွင်လည်းကောင်း စားသုံးသူပြည်သူများသို့ စားအုန်းဆီများစျေးကားများဖြင့်ရောင်းချလျှက်ရှိရာ စားသုံးဆီ တစ်ပိဿာလျှင်(၅၆၀၀/-)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းရောင်းချပေးလျှက် ရှိကြောင်းသိရှိရပါသည်။အလားတူ ပြင်ဦးလွင်ခရိုင်အတွင်း ပြင်ဦးလွင်မြို့နယ်နှင့်မတ္တရာမြို့နယ် တို့တွင်လည်း သက်သာသောစျေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား စျေးကားများဖြင့်ရောင်းချပေးလျှက်ရှိကြောင်းသိရှိရပြီး ထိုသို့စားအုန်းဆီရောင်းချသည့်နေရာသို့ စားသုံးသူရေးရားစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက စိစစ်ကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)