Main menu

ရွှေဖရုံသီး စိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာရှိ တောင်သူ ဦးခင်မောင်ချင်း ၏ (၀.၂၅)ဧကရှိ စိုက်ဧကပေါ်တွင် ဖရုံသီးများ စိုက်ပျိုးထားကြောင်းသိရသည်။ စတင်စိုက်ပျိုးသည့် လမှာ ဇွန်လတွင် စတင်စိုက်ပျိုးရပါသည်။ မျိုးများအနေဖြင့် မျှားနီ၊ ပစ်တိုင်းထောင်မျိုးများကို စိုက်ပျိုးပါသည်။ မျိုးထုတ်ကြီးတစ်ထုတ်လျှင် မျိုးစေ့ (၁၃၀)ခန့်ပါရှိပြီး မျိုး (၂)ထုတ် စိုက်ပျိုးထား ကြောင်းသိရသည်။ စတင်စိုက်ပျိုးသည့်ကာလမှာ (၂)လအကြာတွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ ဇွန်လတွင် စတင်စိုက်ပျိုးထားသောကြောင့် ယခု ဩဂုတ်လတွင် စတင်ခူးဆွတ်နိုင်ကြောင်း သိရသည်။ ဖရုံသီးဒိုင်များသို့ အနုသီး၊ အရင့်သီး သောင်းပြောင်းပေးပို့ရသည်။ သောင်းပြောင်းဈေးမှာ တစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့် ပေးပို့ရပြီး လက်လီဈေးမှာ တစ်လုံး (၆၀၀ - ၇၀၀)ကျပ်ဖြင့် ရောင်းချ နေပါသည်။ (၃)ရက် (၄)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသည်။ တစ်ခါခူးလျှင် အလုံး (၁၅၀ - ၂၀၀) လောက် ခူးဆွတ်ရပါသည်။ ခူးဆွတ်ချိန် (၂)လလောက်ရှိကြောင်းလည်း သိရသည်။ ဖရုံသီးတွင် အသီးသာမက အညွန့်များကိုပါ ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရသည်။

          ဖရုံသီး စိုက်ပျိုးခြင်းဖြင့် အရင်းအနီးသိပ်မများပဲ အကျိုးအမြတ်များစွာရှိသဖြင့် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)