
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွှေလိပ်ပြာ လမ်းတွင် နေထိုင်သူ ဒေါ်ထား၏ နေအိမ်ခြံဝန်းအတွင်းတွင် အာဆီယံသပြေပန်းများ စိုက်ပျိုးထားကြောင်း သိရသည်။
အာဆီယံသပြေပန်းများကို ရာသီမရွေး စိုက်ပျိုးကြသည်။ အာဆီယံသပြေသည် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပါသည်။ အာဆီယံသပြေကို စီးပွားဖြစ်စိုက်ပျိုးပါက တစ်နေ့ (၂)ကြိမ် ရေလောင်း ပေးရပါသည်။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေလောင်းပါက လုံလောက်ပါသည်။အာဆီယံ သပြေသည် စစိုက်ပျိုးချိန်မှ (၈)လမှ (၁)နှစ်ခွဲအကြာတွင် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချ နိုင်ပါသည်။ အာဆီယံသပြေအညွန့်များကို (၁၅)ရက်တစ်ကြိမ် ဖြတ်တောက်ရောင်းချလို့ရနိုင် ပါသည်။
အာဆီယံသပြေပန်းအညွန့် အစည်းသေး တစ်စည်းလျှင် (၃)ညွန့် (သို့)(၅)ညွန့်ပါဝင်ပြီး အစည်းကြီး တစ်စည်းလျှင် အစည်းအသေး (၅)စည်းပါဝင်ပြီး ဖောက်သည်ဈေး (၈၀၀)ကျပ်ဖြင့် ပေးရပြီး ပြန်ရောင်းချသူများမှာ (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။
DOCA(ပဲခူး)
