Main menu

ပြည်မြို့၏ ဟင်းသီးဟင်းရွက်ဈေးနှုန်းဈေးကွက်

Powered by Drupal

      ပြည်ဈေးကွက် ယခုဩဂုတ်လ တတိယပတ်တွင် ရောင်းဝယ်လျက်ရှိသော ဟင်းသီးဟင်းရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက်တစ်စည်းလျှင် (၁၀၀ - ၂၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် (၁၅၀ - ၂၀၀)ကျပ်၊ ဂေါ်ဖီထုတ် တစ်ထုပ်လျှင် (၂၀၀၀ - ၃၀၀၀)ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၈၀၀၀ - ၉၀၀၀)ကျပ်၊ ခရမ်းသီးတစ်လုံးလျှင် (၂၀၀ - ၃၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၄၀၀၀ - ၅၀၀၀) ကျပ်၊ နံနံပင် တစ်စည်းလျှင် (၁၀၀ - ၂၀၀)ကျပ်၊ တိုင်ထောင်ပဲသီး (၁၀)တောင့်စည်း တစ်စည်း လျှင် (၃၀၀-၄၀၀)ကျပ်၊ ကြောင်လျှာသီး တစ်စောင့်လျှင် (၄၀၀ - ၅၀၀) ကျပ်၊ သံပုရာသီး တစ်လုံးလျှင် (၁၀၀ - ၂၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

DOCA(ပဲခူး)