
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရာသီမရွေးစိုက်ပျိုးဖြစ်ထွန်းနေသော စားဖိုဆောင်သီးနှံ ဖြစ်သည့် ရုံးပတီသီး သီးနှံအား ဒေသခံတောင်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြောင်း သိရသည်။ ရုံးပတီသီး သီးနှံသည် ရာသီမရွေးစိုက်ပျိုးရသည့်အတွက် ဒေသခံတောင်သူများ အနေဖြင့် တစ်နိုင်တစ်ပိုင် ဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီး သီးနှံအား စိုက်ပျိုးရခြင်းလည်း ဖြစ်သည်။
ရုံးပတီသီး သီးနှံသည် စိုက်ပျိုးပြီး နှစ်လအကြာတွင် ခူးဆွတ်နိုင်ပြီး အပင်အရွယ်၊ အမျိုး အစားပေါ်မူတည်၍ ဈေးနှုန်းရကြောင်း သိရသည်။ ၎င်းသီးနှံအား တစ်ရက်ခြားလျှင် တစ်ကြိမ် ခူးဆွတ်ရပြီး နှစ်လတာအချိန်ထိ ခူးဆွတ်ရကြောင်းလည်း သိရသည်။ ကုန်ကျစရိတ်အနေဖြင့် သွင်းအားစု၊ လုပ်သားခအပါ တစ်ဧကလျှင် (၁၀) သိန်းခန့်ကုန်ကျကြောင်း သိရသည်။
ထွက်ရှိလာသည့် ရုံးပတီသီး သီးနှံများအား ပေါင်မြို့နယ်ရှိ မင်္ဂလာဈေး၊ နတ်ကြီးချောင် ဈေး၊ မုတ္တမဈေးအပြင် မော်လမြိုင်ရှိ ကုန်စိမ်းတန်းထိ ဈေးကွက်ရရှိကြောင်း သိရသည်။ စားသုံးသူပြည်သူများအဆင်ပြေစေရန် ရုံးပတီသီး (၁၀) ချောင်းပါတစ်စည်းလျှင် (၅၀၀) ကျပ်ခန့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA (မွန်)