ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးမှုလျာထားချက် ပြည့်မီရေး သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို (၆၊၉၊၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) အချိန်ခန့်က ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ထို့တွေ့ဆုံပွဲတွင် မိတ်ဖက်ပူးပေါင်းဌာနများဖြစ်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာတို့ပါဝင်ပြီး ဆွေးနွေးပွဲတွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီက မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစိုက်ပျိုးနိုင်ရေး၊ နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ကောင်းမွန်စွာမြေပြုပြင်ပေးရေး၊ စားသုံးဆီဖူလုံရေးနှင့် ဝင်ငွေတိုးစေရန် ဆောင်းသီးနှံနေကြာအား လျာထားချက်အတိုင်း စိုက်ပျိုးရေး စည်းရုံးဆွေးနွေးခဲ့ကြပါသည်။
မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က တောင်သူများ အသုံးပြုလျှက်ရှိသည့် စိုက်ပျိုးရေးဆေးများနှင့် မျိုးစေ့များဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး အကြောင်းအရာများသာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးကဏ္ဍလုပ်ငန်းများအကြောင်း၊ တောင်သူများ ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးခြင်းသည် ပြည်တွင်းစားသုံးဆီဖူလုံ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျော့ချနိုင်ရေး၊ ပြည်တွင်းစားသုံးဆီဈေးကွက်ပိုမိုရရှိစေရေး၊ ဆီစက်လုပ်ငန်းများ SMEလုပ်ငန်းပိုမိုဖွံ့ဖြိုး တိုးတက်စေရေး၊ နိုင်ငံခြားငွေ အသုံးပြုမှု လျော့နည်းသက်သာစေရေးအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး တောင်သူများမှ သိရှိလို၍ မေးမြန်းမှုများကို အကျယ်တဝင့် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(ဧရာဝတီ)