Main menu

ကန့်ဘလူမြို့ပဲဈေးကွက်၌ ကုလားပဲဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲ သီးနှံကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ်(၁)တင်း လျှင် (၇၃၀၀၀)ကျပ်၊ (929)(၁)တင်းလျှင်(၇၅၅၀၀)ကျပ်၊ (V2)(၁)တင်းလျှင် (၇၇၀၀၀)ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင် (၇၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် (၁၀၀၀)ကျပ်၊ (929)(၁)တင်းလျှင် (၅၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်း သီးနှံပွဲရုံများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)