Main menu

ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်းဈေးနှုန်း မြင့်တက်လာ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကိုလုပ်ကိုင်လျက်ရှိရာ ကန့်ဘလူမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့်  အစေ့ထုတ် ပြောင်းကို ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း စိုက်ပျိုး ကြောင်း၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် C.P.808နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၂၅၈၀၀) ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၅၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၁၆၀၀)ကျပ် ဈေးနှုန်းဆက်လက်မြင့်တက်လာကြောင်း၊ ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)