Main menu

တရုတ်သည် နယူးဇီလန်နှင့် ငွေကြေးလဲလှယ်မှု သဘောတူညီချက်ကို သက်တမ်းတိုးမြင့်

Powered by Drupal

      တရုတ်ပြည်သူ့ဘဏ် (PBOC)၊ တရုတ်ဗဟိုဘဏ်သည် နယူးဇီလန်နိုင်ငံ အရန်ဘဏ် နှင့် အပြန်အလှန်ငွေကြေးလဲလှယ်မှုသဘောတူညီချက်ကို သက်တမ်းတိုးခဲ့ကြောင်သိရသည်။ သက်တမ်းတိုးစာချုပ်၏တန်ဖိုးသည် ယွမ် ၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၅၂ ဘီလီယံ ခန့်) ဖြစ်သည်ဟု PBOC က ၎င်း၏ဝက်ဘ်ဆိုက်တွင် သြဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည်။

      အဆိုပါ အစီအစဉ်သည် သက်တမ်းငါးနှစ်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီပါက ထပ်မံသက်တမ်းတိုးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဤအစီအစဉ်ကို အသစ် ပြန်လည်ပြင်ဆင်ခြင်းသည် နှစ်နိုင်ငံကြား ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို လွယ် ကူချောမွေ့စေကာ ဘဏ္ဍာရေးစျေးကွက် တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း PBOC ၏ ထုတ်ပြန်ချက်အရသိရသည်။

Source : Xinhua     

DOCA (ရန်ကုန်)