Main menu

မလေးရှားနိုင်ငံ၏ Air Asia X သည် ဒုတိယသုံးလပတ်တွင် အမြတ်အစွန်းများ တိုးတက်လာ

Powered by Drupal

     မလေးရှားနိုင်ငံ၏ ကုန်ကျစရိတ်သက်သာသော လေကြောင်းလိုင်း Air Asia X သည် ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းကြောင့် အမြတ်အစွန်းပိုမိုရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

          သုံးလပတ်အတွက် အသားတင်အမြတ်ငွေသည် ယခင်နှစ်က ရင်းဂစ် ၄.၈၂ သန်း ရှိရာမှ ရင်းဂစ် ၃၅.၂၂ သန်း (အမေရိကန်ဒေါ်လာ ၉.၃၂ သန်း) အထိ သိသိသာသာ မြင့်တက်ခဲ့ကြောင်း ကုမ္ပဏီက သြဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။သုံးလပတ်အတွက် ကုမ္ပဏီဝင်ငွေမှာ ရင်းဂစ် ၆၆၀.၈ သန်းသို့ ကျဆင်းခဲ့ပါသည်။

          ပထမနှစ်ဝက်အတွက် ကုမ္ပဏီ၏ အသားတင်အမြတ်ငွေသည် ရင်းဂစ် ၈၅.၄၃ သန်း အထိ တက်လာခဲ့ပါသည်။ထိုကာလအတွက် ကုမ္ပဏီ၏ ဝင်ငွေသည်လည်း ရင်းဂစ် ၁၆ ဘီလီယံအထိ တိုးတက်လာခဲ့ပါသည်။

          ယင်းသုံးလအတွင်း ထုတ်ကုန်များကို ကိုယ်ပိုင်ဟန်ဖြင့် ပြုလုပ်ပြီးတိုးမြှင့်ပေးခဲ့မှုများ ကြောင့် အပိုဝင်ငွေများ ရရှိခဲ့ကြောင်း အမှုဆောင်အရာရှိချုပ် Benyamin Ismail ကပြောကြားခဲ့ ပါသည်။မကြာသေးမီက ဂျက်လေယာဉ်ဆီ ဈေးနှုန်းများ ကျဆင်းလာခြင်းနှင့် မလေးရှားရင်းဂစ် ခိုင်မာလာခြင်းတို့ကြောင့် ကုမ္ပဏီသည် ရေရှည်တည်တံ့သော တိုးတက်မှုများရရှိရန် ပြင်ဆင် လျက် ရှိကြောင်း သတင်းရရှိပါသည်။

Source : Xinhua     

DOCA (ရန်ကုန်)