Main menu

ထိုင်းနိုင်ငံ၏ စက်မှုထုတ်ကုန်များ ဇူလိုင်လတွင် ကျဆင်း

Powered by Drupal

     ထိုင်းနိုင်ငံ၏ စက်မှုထုတ်ကုန်များသည် မော်‌တော်ကားထုတ်လုပ်မှု ကျဆင်းခြင်းနှင့် အိမ်ထောင်စုများ၏ အကြွေးမြင့်မားခြင်းတို့ကြောင့် လေးလအတွင်း ဇူလိုင်လတွင် ပထမဆုံး အကြိမ်အဖြစ်  ကျဆင်းသွားခဲ့ကြောင်း သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်သော တရားဝင်အချက် အလက်များအရ သိရှိရပါသည်။

          အရှေ့တောင်အာရှနိုင်ငံ၏ ကုန်ထုတ်လုပ်မှုအညွှန်းကိန်း (MPI) သည် ပြီးခဲ့သည့်လက တစ်နှစ်တာကာလနှင့် နှိုင်းယှဉ်ပါက ၃.၉၈ ကျဆင်းခဲ့ပြီး ဇွန်လတွင် ၀.၄၁ ရာခိုင်နှုန်း တိုးတက်မှုမှ ကျဆင်းသွားကြောင်း စက်မှုဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

          အဓိကထုတ်လုပ်သူများတစ်ဦးမှ အကြီးစားပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ယာယီရပ်ဆိုင်းခဲ့ခြင်းကြောင့် ရေနံသန့်စင်ထုတ်ကုန်များ ယခင်နှစ်ကထက် ၁၈.၄၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စက်မှုလုပ်ငန်း စီးပွားရေးရုံး အထွေထွေညွှန်ကြားရေးမှူး Passakorn Chairat ကပြောကြားခဲ့ပါသည်။

          ၂၀၂၅ ခုနှစ်၏ ဒုတိယသုံးလပတ်တွင် စက်မှုထုတ်လုပ်မှုအညွှန်းကိန်း (MPI) သည် ယခင်နှစ်ကထက် ၀.၅၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ယခုနှစ်တွင် ပထမ ခုနှစ်လအတွင်း ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Passakorn ကပြောကြားခဲ့ပါသည်။

          ဝန်ကြီးဌာနသည် ယခင်က MPI တိုးတက်မှုကို သုည ရာခိုင်နှုန်း မှ ၁ ရာခိုင်နှုန်းထိ လျော့ချရန် မျှော်မှန်းထားသော်လည်း ယခုနှစ်အတွက် သုည ရာခိုင်နှုန်း မှ ၀.၅ ရာခိုင်နှုန်း သို့ ပြောင်းလဲ ခန့်မှန်းးခဲ့ကြောင်း သတင်းရရှိပါသည်။

Source : Xinhua

DOCA (ရန်ကုန်)