Main menu

ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးဦးမြေပဲများရိတ်သိမ်းလျက်ရှိ

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးမြေပဲစိုက်ပျိုးရန် လျာထားမှုအနေဖြင့် (၁၈၂၈၃)ဧကရှိခဲ့ပြီး အမှန်စိုက်ပျိုးမှုအနေဖြင့်(၁၈၂၈၃)ဧက စိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခင်နှစ်စိုက်ပျိုးမှုအနေဖြင့်စိုက်ပျိုးရန်လျာထားမှုမှာ (၂၁၅၈၇)ဧက ရှိခဲ့ပြီး အမှန်စိုက်ပျိုးမှုအနေ ဖြင့်(၂၂၂၆၉)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် တစ်ဧကပျမ်းမျှ အထွက်နှုန်းအနေဖြင့်(၄၈.၀၇)တင်း ထွက်ရှိ ခဲ့ကြောင်းသိရပါသည်။ ယခုဩဂုတ်လ ဒုတိယပတ်ခန့်မှစ၍ မြို့နယ်အတွင်းရှိ မြေပဲစိုက်ကျေးရွာများ တွင် မိုးဦးမြေပဲများကို ရိတ်သိမ်းလျက်ရှိပါသည်။

          မြို့နယ်အတွင်းရှိ သရက္ကန်အုပ်စုမှ ကျေးရွာများအနေဖြင့် မိုးဦးမြေပဲကို စိုက်ပျိုးရာတွင် ပင်ထောင်မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး မိုးလယ်တွင် ပင်ပြန့်မြေပဲမျိုးကိုအများဆုံးစိုက်ပျိုးကြ ကြောင်းနှင့် မိုးဦးမြေပဲကို ပဲစဉ်းငုံသီးနှံဖြင့် သီးညှပ်ထည့်သွင်းစိုက်ပျိုးကြကြောင်း သိရသည်။ အုပ်စု အတွင်းရှိ မြေပဲစိုက်ယာမြေများသည် မိုးရွာသွန်းမှု ရက်ကွာဝေးခဲ့လျှင် မြေကျစ်လစ်မာကျောပြီး မြေပဲနုတ်ရာတွင် မြေပဲဥအားလုံးမရရှိဘဲ မြေတွင်း၌ကျန်ခဲ့ခြင်းများရှိ၍ မိုးရွာရက်ကိုစောင့်ဆိုင်း နုတ်လေ့ရှိရာ ဩဂုတ်လ (၂၂-၂၄)ရက်များတွင် မိုးရွာသွန်းမှုရှိသောကြောင့် မိုးဦးမြေပဲများကို ရိတ်သိမ်းမှု များလာပါသည်။  ပင်ထောင်မျိုးမှာ အလုံးသေး၍ကျစ်လစ်   မာကြောပြီး ဆီထွက်မှုလည်း ပင်ပြန့်မျိုး ထက်ပိုကြောင်း၊ ယခုနှစ် စိုက်ပျိုးချိန်တွင် မျိုးဈေးအနေဖြင့် အတောင့်တစ်တင်းလျှင်(၅၀၀၀၀) ကျပ်ခန့်နှင့် အဆံတစ်ပြည်လျှင် (၁၀၀၀၀)ကျပ်ခန့်ရှိကြောင်း၊ ယခင်နှစ် မျိုးဈေးမှာ(၄၀၀၀၀)ကျပ်ရှိခဲ့၍  ရာသီချိန်မြေပဲဈေးအနေဖြင့်(၃၅၀၀၀-၃၇၀၀၀)ကျပ်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုများမှန်ကန် ကောင်းမွန်၍ မိုးဦးမြေပဲများ အထွက်နှုန်းကောင်းနိုင်ကြောင်းနှင့် မြေပဲကို  သီးသန့်စိုက်ပျိုးမှုနည်းပြီး ပဲစဉ်းငုံနှင့်သီးညှပ်ထည့်သွင်းစိုက်ပျိုးသဖြင့် အထွက်နှုန်းမှာ တင်း(၃၀)ဝန်းကျင်ခန့်သာ ထွက်ရှ ိကြောင်းနှင့် တစ်ဧကကုန်ကျစရိတ်မှာ (၅၀၀၀၀၀)ကျပ်ဝန်းကျင်များကုန်ကျကြောင်း၊ လက်ရှိကျေး ရွာများတွင် ဖြစ်ပေါ်နေသောဈေးနှုန်းမှာ မြေပဲတောင့်(အခြောက်)တစ်တင်းလျှင် (၄၀၀၀၀)ကျပ်ဝန်း ကျင်ခန့်ရှိပြီး လက်ရှိဈေးနှုန်းအရတစ်ဧက အကျိုးအမြတ်အနေဖြင့်(၆၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် ရရှိနိုင် ကြောင်း အောင်ချမ်းသာကျေးရွာမှ မြေပဲစိုက်တောင်သူများထံမှ သိရသည်။

DOCA(မန္တလေး)