
ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ထောပတ်ပဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက် နှုန်း(၆.၅၁)တင်းနှင့်အထွက် (၁၅၅၂၇၁)တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်းဖြစ်ပေါ် လျက်ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ထောပတ်ပဲ(ကြီး)၂၈၅၀၀၀ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာ ၅၀၆၇ကျပ်နှင့် ၅၃၃၃ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ ထောပတ်ပဲ(ကြီး) ၇၁၁၁ ကျပ်၊ ထောပတ်ပဲ(သေး) ၆၂၂၂ကျပ် နှင့် ၆၅၇၈ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ထောပတ်ပဲစျေးမှာ လျော့နည်း သွားကြောင်း သိရပါသည်။
DOCA(မန္တလေး)