
ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများ မှာ၃တင်းဝင်တစ်အိတ်လျှင်ကုလားပဲ(V-2)၂၅၃၀၀၀ကျပ်၊ကုလားပဲ(V-7)၂၄၅၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၃၅၀၀၀ကျပ်၊ကုလားပဲ(929) ၂၄၃၀၀၀ကျပ်နှင့်၂၄၄၀၀၀ကျပ်၊ တစ် ပိဿာပေါက် စျေး မှာကုလားပဲ(V-2)၄၄၁၉ကျပ်၊ကုလားပဲ(V-7)၄၂၇၉ကျပ်၊ကုလားပဲ(ထိုင်ဝမ်) ၄၁၇၈ကျပ်၊ ကုလားပဲ (929) ၄၃၂၀ကျပ်နှင့် ၄၃၃၈ ကျပ်တို့ဖြစ်ပြီး၊ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ကုလားပဲ (V-2) ၅၄၁၅ကျပ်နှင့် ၅၅၀၂ ကျပ်၊ကုလားပဲ (V-7)၆၂၈၈ ကျပ်နှင့် ၆၃၇၅ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၉၇၈ကျပ်နှင့် ၅၀၁၃ကျပ်၊ကုလားပဲ(929) ၅၁၅၆ကျပ်နှင့် ၅၁၉၁ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ် နှင့်ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးလျော့နည်းသွားကြောင်း သိရပါ သည်။
DOCA(မန္တလေး)