Main menu

မန္တလေးပဲနီပြားစျေးနှုန်းစျေးကွက်

Powered by Drupal

     ပဲနီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြား သီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု   (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း   သိရပါသည်။     မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လနောက် ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ  ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(ကျွန်း) ၅၀၀၀၀၀ ကျပ်၊တစ်ပိဿာလျှင် ၉၀၅၀ကျပ်၊ပဲနီပြား(တံတားဦး)၄၀၀၀၀၀ ကျပ်၊တစ်ပိဿာလျှင် ၇၂၄၀ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ယခင်နှစ်ကာလတူစျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား၄၀၀၀၀၀ ကျပ် နှင့် ၄၅၀၀၀၀ကျပ်၊  ပဲနီပြားတစ်ပိဿာစျေးမှာ  ၇၂၄၀ ကျပ်နှင့်၈၁၄၅ကျပ် တို့ဖြစ် ကြောင်း သိရပါသည်။ယခင်နှင့်ယခုနှစ်စျေးနှိုင်းယှဉ်ပါကပဲနီပြားမှာစျေးပိုမိုရရှိကာ အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)