
မန္တလေးဈေးကွက်အတွင်းသို့ ပေါ်ဦးပေါ်ဖျား ရာသီစာပိန်းဥများ စတင်ဝင်ရောက်လျှက် ရှိပါပြီး ပိန်းဥများကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသမှ အများဆုံးဝင်ရောက်လျှက်ရှိပြီး စတင် ထွက်ပေါ်၍ ဈေးကွက်ကောင်းလျက်ရှိပါသည်။ ပိန်းဥဈေးနှုန်းဈေးကွက်အနေဖြင့် ယခင်နှစ် ဩဂုတ်လဆန်းပိုင်းတွင် ပိန်းဥတစ်ပိဿာလျှင် ၃၀၀၀-၄၀၀၀ ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လဆန်းပိုင်း၌ ပိန်းဥတစ်ပိဿာလျှင် ၄၀၀၀-၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ် လျှက်ရှိပြီး ယခင်နှစ်နှင့် ယခုနှစ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတက်လျက်ရှိကြောင်း ပိန်းဥ၊ ကန်စွန်းဥ အရောင်းဆိုင်မှ သိရှိရပါသည်။
DOCA(မန္တလေး)