Main menu

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ရန် ဝန်ကြီးဌာနများ နားလည်မှုစာချွန်လွှာ ရေးထိုး

Powered by Drupal

   ကမ္ဘောဒီးယားနိုင်ငံ၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန (MPTC)၊ ပြည်ထောင်စုဝန်ကြီး Chea Vandeth နှင့် ရေအရင်းအမြစ်၊ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Thor Cheth တို့သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ကြိုးပမ်း ဆောင်ရွက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၂၇-၈-၂၀၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မိုးလေဝသ (MOWRAM) ဝန်ကြီး Chetha တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ MPTC ရုံးချုပ်၌ ပြုလုပ်ခဲ့သည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ဝန်ကြီးဌာန နှစ်ရပ်လုံးမှ အကြီးတန်း အရာရှိများ တက်ရောက်ခဲ့ကြသည်။ နားလည်မှုစာချွန်လွှာ အရ MPTC သည် စာရွက်စာတမ်းစိစစ်ရေးပလပ်ဖောင်း verify.gov.kh အကောင်အထည်ဖော်မှု၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံနှင့် ကြိုးမဲ့အင်တာနက်ချိတ်ဆက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရဝန်ထမ်းများအတွက် ဒစ်ဂျစ်တယ်စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များအပါအဝင် အဓိက ကဏ္ဍအများအပြားတွင် MPTC မှ ပံ့ပိုးကူညီမည်ဖြစ်သည်။ verify.gov.kh သည် MPTC မှ ဖန်တီးထားသော အစိုးရပလက်ဖောင်းတစ်ခုဖြစ်သည်။  ၎င်းသည် အတုအပစာရွက်စာတမ်းများ ကို ဖယ်ရှားရန်၊ အသုံးပြုသူအဆင်ပြေစေရန်နှင့် တရားဝင်စာရွက်စာတမ်းများတွင် QR ကုဒ် တစ်ခုပေါင်းစပ်ခြင်းဖြင့် စာရွက်မိတ္တူအတည်ပြုရန်လိုအပ်မှုကို ဖယ်ရှားပေးရန်အတွက် ဒီဇိုင်း ထုတ်ထားကြောင်း သိရသည်။

DOCA(ရန်ကုန်)